မျှဝေခံစားကူညီသူများ
Monday, November 17, 2014
Monday, November 10, 2014
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာရှိတိုက်သစ်ရွှေကျောင်း တနင်္ဂနွေဗုဒ္ဓဓမ္မကျောင်းတော်အားသွားရောက်လှူဒါန်းရန်
ချစ်ခင်လေးစားရပါသောသူငယ်ချင်းများနှင့်
ဓမ္မမိတ်ဆွေများခင်များကျွန်တော်တို့
မျှဝေခံစားကူညီသူုများပရဟိတအဖွဲ့မှ
၂၀၁၄ ဒီဇင်ဘာလ (၁၃)ရက်နေ့ညတွင်အဖွဲ့၏အဋ္ဌမအကြိမ်
အလှူအဖြစ်သွားရောက်လှူဒါန်းမည့်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
ဘုန်းတော်ပြည့်ကျေးရွာရှိတိုက်သစ်ရွှေကျောင်း
တနင်္ဂနွေဗုဒ္ဓဓမ္မကျောင်းတော်ရှိ
ကျောင်းသား/သူ ၅၈၀ ကျော်တို့အား
နံနက်စာအဟာရများကျွေးမွေးခြင်း၊လိုအပ်သောစာရေးကိရိယာများလှူဒါန်းခြင်း,အ၀တ်အထည်များလှူဒါန်းခြင်း
ငွေပဒေသာပင်စိုက်ထူခြင်းတို့ကိုသွားရောက်ပြုလုပ်လှူဒါန်းမည်ဖြစ်ပါသဖြင့် ရပ်နီး/ရပ်ဝေးမှသူငယ်ချင်းများမှ
လှူဒါန်းလိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးနှိုးဆော်အပ်ပါသည်..။
လိုက်ပါမည့်အဖွဲ့ဝင်များ/သူငယ်ချင်းမိတ်ဆွေများအနေဖြင့် ၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထား
စားရင်းပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

Tuesday, September 23, 2014
မျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများမှလှူဒါန်းခဲ့ပြီးသောကျောင်းများ-
မျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများမှလှူဒါန်းခဲ့ပြီးသောကျောင်းများ-
၁။ကွမ်းခြံကုန်းမြို့နယ် ..ရွှေကျင်(ဂျား)ကျောင်း ၊ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
အလှူငွေင်္ကျပ် ၂၅၀၀၀၀ိ/-နှင့်အ၀တ်အထည်များ,ဆေးဝါးများ,စာရေးကိရိယာများ
(၇.၇.၂၀၁၃)
၂။ ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာ အမှတ်(၁၇)
၁၀မိုင်ကုန်းရှိ၊
ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးေ ကျာင်း(ပန်းပျိုးလက်ကျောင်း)သို့
အလှူငွေကျပ် ၇၃၀၀၀၀ိ/-ကျပ်နှင့်ဆေးဝါများ,အ၀တ်အထည်များ,စာရေးကိရိယာများ(၂၂.၉.၁၃)
၃။ မကွေးတိုင်းဒေသကြီး နတ်မောက် မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ
တိုက်သစ်ရွှေကျောင်း နှင့် ဓမ္မစကူး ကျောင်းတော်သို့အလှူတော်ငွေကျပ် ၁၁၃၀၀၀၀ိ/-ကျပ်နှင့်
နံနက်စာအဟာရများ စာရေးကိရိယာနှင့် ဆေးများ ဆွမ်းဆန်တော်အိတ်နှငိ့
သင်္ကန်းများ ဂျာနယ်နှင့်မဂ္ဂဇင်း များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ ဒုတ်ယအကြိမ်မြောက်အလှူတော်
ကျွန်တော်များမျှဝေခံစား-ကူညီသူ များ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ ဒုတ်ယအကြိမ်မြောက်လှူဒါန်းခြင်း ကို
(၂၂.၉.၂၀၁၃)ရက်နေ့
တနင်္ဂနွေနေ့တွင် ၊ ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာ
အမှတ်(၁၇)
၁၀မိုင်ကုန်းရှိ၊ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးေ ကျာင်း(ပန်းပျိုးလက်ကျောင်း)
"ကျောင်းအုပ်ဆရာတော် အရှင်ပညောဘာသ"နှင့်ကျောင်းသား/ သူ စုစုပေါင်း(၄၅၀)တို့အား
"ကျောင်းအုပ်ဆရာတော် အရှင်ပညောဘာသ"နှင့်ကျောင်းသား/
နံနက်စာထ မင်း/ဟင်းအဟာရကျွေးမွေးခြင်း။ကျောင်းစိမ်းအ၀တ်အထည်များလှူဒါန်းခြင်း ကျောင်းနေသံဃာတို့အားနေ့ဆွမ်းဆပ်ကပ်ခြင်းနှင့်
အလှူငွေကျပ် ၇၃၀၀၀၀ိ/-ကျပ်အားလှူဒါန်းခဲ့ပါသည်။
ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ တတိယ အကြိမ်မြောက်လှူဒါန်းခြင်းကို နတ်မောက် မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ တိုက်သစ်ရွှေကျောင်း နှင့်ဓမ္မစကူး ကျောင်းတော်သို့ စုစုပေါင်းအလှူတော်ငွေကျပ် ၁၁၃၀၀၀၀ိ/-ကျပ်နှင့် နံနက်စာအဟာရများ စာရေးကိရိယာနှင့် ဆေးများ ဆွမ်းဆန်တော်အိတ်နှငိ့ သင်္ကန်းများ ဂျာနယ်နှင့်မဂ္ဂဇင်း များအားလှူဒါန်းခြင်း
ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊
ပရဟိတလူငယ်လေးများအဖွဲ့၏
တတိယ အကြိမ်မြောက်လှူဒါန်းခြင်းကို
နတ်မောက် မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ
တိုက်သစ်ရွှေကျောင်း နှင့်ဓမ္မစကူး ကျောင်းတော်ရှိ ကျောင်းသား/သူ ၅၀၀
ကျော်တို့အတွက် စုစုပေါင်းအလှူတော်ငွေကျပ် ၁၁၃၀၀၀၀ိ/-ကျပ်နှင့်
နံနက်စာအဟာရများ စာရေးကိရိယာနှင့် ဆေးများ ဆွမ်းဆန်တော်အိတ်နှငိ့
သင်္ကန်းများ ဂျာနယ်နှင့်မဂ္ဂဇင်း များအား သွားရောက်လှူဒါန်း
ကုသိုလ်ပြုလုပ်ခဲ့ပါသောကြောင်းအလှူရှင်အသီးသီးတို့မှ သာဓုအနုမောဓနာ
ခေါ်ဆိုနိုင်ကြပါစေရန် တင်ပြအပ်ပါသည်
ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ တတိယ အကြိမ်မြောက်လှူဒါန်းခြင်း-(၊မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ဘုန်းတော်ပြည့်ကျေးရွာရှိ တိုက်သစ်ရွှေကျောင်း(ဓမ္မစကူးကျောင်း)
ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊
ပရဟိတလူငယ်လေးများအဖွဲ့၏
တတိယ အကြိမ်မြောက်လှူဒါန်းခြင်းကို ၊မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ဘုန်းတော်ပြည့်ကျေးရွာရှိ
တိုက်သစ်ရွှေကျောင်း(ဓမ္မစကူးကျောင်း)ရှိ
ကျောင်းသား/သူ ၅၀၀ ကျာ်အား နံနက်စာအဟာရများကျွေးမွေးခြင်း၊လိုအပ်သောစာရေးကိရိယာများလှူဒါန်းခြင်းနှင့်ငွေပဒေသာပင်စိုက်ထူခြင်း
သန်လျင်မြို့နယ်ဖားကူးအနောက်ကျေးရွာရှိ သာသနာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့စာရေးကိရိယာများလှူဒါန်းခြင်း နံနက်စာထမင်းနှင့် မုန့်များကျွေးမွေးခြင်းနှင့်ကျောင်းနေသံဃာတော်များအားနေ့ဆွမ်းနှင့်သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းနှင့်အလှူငွေကျပ် ၁၁၆၂၅၀၀ိ/-ကျပ်အားလှူဒါန်းခြင်း
ကျွန်တော်များမျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများအဖွဲ့၏
စတုတ္တအကြိမ်မြောက်အလှူအဖြစ်
သန်လျင်မြို့နယ်ဖားကူးအနောက်ကျေးရွာရှိ သာသနာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိကျောင်းသား/သူများအား
စာရေးကိရိယာများလှူဒါန်းခြင်း နံနက်စာထမင်းနှင့်
မုန့်များကျွေးမွေးခြင်းနှင့်ကျောင်းနေသံဃာတော်များအားနေ့ဆွမ်းနှင့်သင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းငွေကျပ်
၁၁၆၂၅၀၀ိ/-ကျပ်တိတိအားလှူဒါန်းခဲ့ပါကြောင်းနှင့် လှူဒါန်းမှူအစုစုတို့အားအမျှ ပေးဝေပါသည်...သာဓုအနုမော်ခေါ်ဆိုနိုင်ကြစေရန်လေးစားစွာတင်ပြအပ်ပါသည်။
၁၁၆၂၅၀၀ိ/-ကျပ်တိတိအားလှူဒါန်းခဲ့ပါကြောင်းနှင့် လှူဒါန်းမှူအစုစုတို့အားအမျှ ပေးဝေပါသည်...သာဓုအနုမော်ခေါ်ဆိုနိုင်ကြစေရန်လေးစားစွာတင်ပြအပ်ပါသည်။
မျှဝေခံစားကူညီသူများပရဟိတလငယ်လေးများအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အလှူ
မျှဝေခံစားကူညီသူများပရဟိတလငယ်လေးများအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အလှူအဖြစ်
(၁၁.၅.၁၄)ရက်အမေများနေ့တွင်ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်
ကျောက်ခဲအင်းကျေးရွာရှိနန်းရွှေပြည်ပရဟိတကျောင်းကြီးရှိ
မိဘမဲ့ကလေးများ ဆင်းရဲနွမ်းပါးချို့တဲ့သောကလေးသူငယ်များအားအစာအဟာရများ
ကျွေးမွေခြင်းဆေးဝါများစာရေးကိရိယာများစားသောက်ကုန်များဆန်အိတ်များ
ကျောင်းရှိသံဃာတော်များအတွက်သင်္ကန်းနှင့်ယပ်စသောလှူဖွယ်ပစ္စည်းများနှင့်
ကျော်တော်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရန်
အတွက်ငွေပဒေသာပင်အဖြစ်အလှူငွေကျပ်(၁၅၀၀၀၀၀-တစ်ဆယ့်ငါးသိန်း)အား
ကောင်မှုအလှူတော်ခုနှစ်ရက်သာ/သမီးများ
ပေါင်းစုကာလှူဒါန်းပေးခဲ့ပါသည်။

Friday, September 19, 2014
လိုတရပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
သတ္တမအကြိမ်မြောက်အလှူ
မျှဝေခံစားကူညီသူများပရဟိတလငယ်လေးများအဖွဲ့၏သတ္တမအကြိမ်မြောက်အလှူအဖြစ်
ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့နယ်အေးရွာလေးရှိအောင်ပန်းမြိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ
သံဃာတော်များအား ဆွမ်းဆပ်ကပ်ခြင်း ကလေးသူငယ်များအား စာရေးကိရိယာများ မုန့်များ စားသောက်ကုန်
ပစ္စည်းများအား အဖွဲ့သားများမှဆပ်ကပ် လှူဒါန်းနေစဉ်
နိဗ္ဗာန်သို့ရောက်အောင် ပို့ပေးသော လောကီသစ္စာ ၄-ပါး။
နိဗ္ဗာန်သို့ရောက်အောင် ပို့ပေးသော လောကီသစ္စာ ၄-ပါး။
ဓမ္မမိတ်ဆွေအပေါင်းတို့ ထိုင်နေသောအခါ ညောင်းညာမှုဖြစ်၏။ ဣရိယာပုတ်များကို
မကြာခဏ ရွေ့ပြောင်းပြီး ဒုက္ခဝေဒနာကို သက်သာအောင် လုပ်ရ၏။ ထို့ကြောင့် ဒီခန္ဓာကိုယ်
ကြီးသည် (၁) “ဒုက္ခသစ္စာ ဖြစ်၏။ ယင်းသို့ ဒုက္ခဖြစ်အောင် ဘယ်သူကနေပြီး ဒုက္ခပေးနေသလဲ၊
လောဘဆိုသော “တဏှာက” ဒုက္ခပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒုက္ခ၏ အကြောင်းရင်းခံ
ဖြစ်သော လောဘတဏှာသည် (၂) “သမုဒယသစ္စာ” ဖြစ်၏။

သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက်
သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက် ************************************************

၁။ ဟတ္ထ စ္ဆိန္န - လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ ပြတ်နေသူ၊
၂။ ပါဒ စ္ဆိန္န - ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ ပြတ်နေသူ၊
၃။ ဟတ္ထပါဒ စ္ဆိန္န - လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊
၎။ ကဏ္ဏ စ္ဆိန္န - နားရွက်ပြတ်နေသူ၊
၅။ နာသ စ္ဆိန္န - နှာခေါင်း ပြတ်နေသူ၊
၆။ ကဏ္ဏနာသ စ္ဆိန္န - နားရွက်နှာခေါင်း ပြတ်နေသူ၊
၇။ အဂုင်္လ စ္ဆိန္န - လက်ချောင်း၊ ခြေချောင်းများ ပြတ်နေသူ၊
၈။ အဠ စ္ဆိန္န - ခြေမ လက်မများပြတ်နေသူ၊
၉။ ကဏ္ဍရ စ္ဆိန္န - အကြောမများ ပြတ်တောက်နေသောကြောင့် ခြေဖျားထောက်ကာသွားသူ၊ ဖနောင့်ဖြင့်သွားသူ၊ လုံးဝမသွားနိုင်သူ၊
၁၀။ ဖဏ ဟတ္ထက - ခြေချောင်းလက်ချောင်းလေးများ ပူးကပ်နေသူ၊
၁၁။ ခုဇ္ဇ - ခါးကုန်းနေသူ( ဤနေရာတွင် အဋ္ဌကထာဖွင့်၌ကား အလွန်ရုပ်ဆိုးအောင်ကုန်းသူကိုသာ ယူရမည်၊ လုံးဝ ခါးမကုန်းသူ ဟူသည်ကား မြတ်ဘုရားမှ လွဲ၍ ကျန်သူအားလုံးအနည်းငယ် ကုန်းကြသည်သာ )
၁၂။ ၀ါမန - ပုပုကွကွ ဖြစ်နေသူ၊
၁၃။ ဂလဂဏ္ဍီ - လည်ပင်းကြီးနာ ရောဂါရှိသူ၊
၁၄။ လက္ခဏာ ဟတ - ရာဇ၀တ်မှု ကျူးလွန်ဖူးသောကြောင့် နဖူး၊ လက်မောင်း၊ ခြေထောက် စသော တနေရာရာတွင် သံပြားကို မီးကင်ကာ သေရာပါ အမှတ်တံဆိပ်ခပ်နှိပ်ခံရသူ၊
၁၅။ ကသာဟတ - ရာဇ၀တ်မှုကြောင့် ကြိမ်ဒဏ်ပေးခံရဖူးသူ၊
၁၆။ လိခိတက - အပြစ်ရှိသောကြောင့် တွေ့ရာအရပ်၌ သတ်စေ ဟု ဖမ်းဝရမ်းထုတ်ခံထားရသူ၊
၁၇။ သီပဒိ - ခြေထောက်ဆိုင်းနေသူ၊ ထော့နဲ့ ထော့နဲ့ ဖြစ်နေသူ၊ ဒရွတ်ဆွဲနေသူ၊
၁၈။ ပါပရောဂီ - အနာဆိုးရောဂါများပေါက်ရောက်နေသူဟူသည်ကား အမြဲတမ်း ဝေဒနာခံစားနေရသည်ဖြစ်၍ ဆေးကုမရ၊ စက်ဆုပ်ဖွယ်၊ အော့နှလုံးနာဖွယ် ၊စသော ရောဂါများခံစားနေရသူ ကို ဆိုလိုသည်။
၁၉။ ပရိသဒူသက - ရုပ်အဆင်း အသွင်သဏ္ဍာန် ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးတတ်သူ၊
၂၀။ ကာဏ - မျက်စိ တစ်ဖက်ကန်းနေသူ၊
၂၁။ ကုဏီ - လက်၊ ခြေများကောက် ကွေးနေသူ၊
၂၂။ ခဉ္ဇ - ခြေထောက် ခွင်နေသူ၊
၂၃။ ပက္ခဟတ - ခန္ဓာကိုယ် တစ်ခြမ်းသေနေသူ၊ လက်တဖက် ခြေတစ်ဖက် လှုပ်ရှားမရသူများ၊
၂၄။ ဆိန္နိရိယာပထ - ဟိုနားဒီနား မသွားနိုင်သဖြင့် ဣရိယာပုတ်ပျက်စီးနေသူ၊ ဦးနှောက်ကျပ်မပြည့်သူ၊
၂၅။ ဇရာဒုဗ္ဗလ - အသက်ကြီးသဖြင့် ဇရာကြောင့် အားအင်ချိနဲ့နေသူ၊
၂၆။ အန္ဓ - မျက်စိ နှစ်ဖက်လုံး ကန်းနေသူ၊
၂၇။ မူဂ - စကား ဆွံ့အ၊ ထစ်အ နေသူ၊
၂၈။ ဗဓိရ - နားထိုင်းသူ၊ ပင်းနေသူ၊
၂၉။ အန္ဓ မူဂ - မျက်စိလည်းကန်း၊ စကားထစ်အ ဆွံ့အနေသူ၊
၃၀။ အန္ဓဗဓိရ - မျက်စိလည်းကန်း၊ နားလည်းထိုင်းသူ ပင်းသူ၊
၃၁။ မူဂ ဗဓိရ - စကား လည်းဆွံ့အ၊ နားလည်းထိုင်းနေသူ၊
၃၂။ အန္ဓ မူဂ ဗဓိရ - မျက်စိကန်း၊ စကားဆွံ့၊ နားထိုင်း ၃ မျိုးလုံးချို့တဲ့နေသူ၊
အထက်ပါ ခန္ဓကိုယ်အင်္ဂါများတွင် တစ်ခုခု ချို့ယွင်းနေသူများကို သာသနာ့ဘောင်သို့ ၀င်ခွင့်မပြုရ ဟု မြတ်ဘုရား ဟောတော်မူ ပညတ်တော်မူထားခဲ့သည်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာပါကလည်း ရှင်သာမဏေ ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိပါသည်။ သို့သော်လည်း အထက်ပါ ပုဂ္ဂိုလ်များကို သာမဏေ၀တ်ပေးသူ၊ ရဟန်းဝတ်ပေးသူ ဆရာ ဘုန်းကြီး ဥပေဇ္ဈာယ်များမှာ ဒုက္ကဋ်အာပတ် သင့်လေတော့၏။
ကျမ်းညွှန်း။ ။ န ပဗ္ဗာဇေတဗ္ဗ ဒွတ္တိံသ၀ါရ
မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိတော် နှင့် အဋ္ဌကထာ၊ ၀ိနယပိဋက
http://www.dhammayaungchi.com/မှတဆင့်ခံစားတင်ပြသည်။
ဆူးလေစေတီတော်မှ ဒေါင်းခံဘုရား။
ဆူးလေစေတီတော်မှ ဒေါင်းခံဘုရား။
ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏နေအိမ်တွင် မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားဆင်း
တုတော်များကို ထားရှိကိုးကွယ်ကြပါသည်။ မြတ်စွာဘုရား၏ မဟာပူရိသလက္ခဏာတော် (၃၂) ပါး
တို့မှ ရုပ်လုံးဖေါ်ရာတွင် အသုံးပြုသော လက္ခဏာတော် (၂၀) ကို အခြေခံပြီး လက္ခဏာတော်ငယ်
(၈၀) တို့မှ ဖေါ်၍ ရသမျှ လိုက်နာပြီး ရုပ်လုံးပေါ်အောင် ထုလုပ်ရပါသည်။ ဖူးမြော်ရသူများ ကြည်
ညိုသဒ္ဓါစိတ်များ ဖြစ်ပေါ်လာစေနိုင်မည့် သပ္ပါယ်မှုရှိဖို့လည်း လိုပါသည်။
ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဘက်စုံကြီးပွား
ချမ်းသာလိုသူများကား ဆင်ခံ၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသော
သဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်းဖြစ်သော်လည်း သင့်တော်၏၊ မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။
မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကိုယ်တော်စား ရုပ်ပွားရုပ်တုတို့ကို စိတ်ကူးထင်ရာ ထုလုပ်
ခြင်းမှာ မဖြစ်သင့်ပါ။ မှားယွင်းသော လောကီအစီအရင်များကို ဖန်တီးခြင်းဖြင့် ကိုယ်ကျိုးရှာအမြတ်
ထုတ်သော အင်အားစုများရှိပါသည်။ ယင်းအင်အားစုများက မည်သည့်အစီအရင်ဖြင့် ထုလုပ်သော်
စီးပွားတက်သည်၊ ရာထူးတိုးသည် ဟူ၍လည်းကောင်း၊ မည်သည့်နေ့သားသည် မည်သည့်အသား
ဖြင့် ထုလုပ်သော ရုပ်ပွားတော်ကို ကိုးကွယ်ပါ ဟူ၍လည်းကောင်း၊ အိမ်တွင် ကျောက်ဆင်းတု မကိုး
ကွယ်ကောင်း ဟူ၍လည်းကောင်း၊ လောကီအယူအစွဲနှင့် အစီအရင်တို့ကို ဖြန့်ဖြူးလျက်ရှိကြပါသည်။
ယင်းအစီအရင်နှင့် အယူအစွဲများသည် ထေရ၀ါဒပိဋကတ်တော်များနှင့် ဆန့်ကျင်ခြားနားနေပါသည်။
တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူကို ကုလားလူမျိုးတစ်ဦးက
လာလှူ၏ ။ ရုပ်ပွားပုံကာ ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံ ဖြစ်၏ ။ ဆူးလေဘုရား
ဂေါပကအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တခါမှမတွေ့ဖူးသဖြင့် ဘုရားပေါ်တွင် အပူဇော်ခံ
ထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏ ။ ထို့ကြောင့်ဆူးလေစေတီတော် သြဝါဒါစရိယ ဆရာ
တော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏ ။
ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယ
ဆရာတော်တစ်ပါးပင်ဖြစ်၏ ။ ကျန်ဆရာတော်များက “အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊
မြင်းခံဘုရားတို့တောင် ရှိနေပြီပဲ၊ အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်း မဟုတ်တော့ပါဘူး”
ဟု မိန့်တော်မူကြ၏ ။
ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင် စာရေးဆရာတိုင်း လက်မ
လွှတ်တမ်း အသုံးပြုနေရသည့် “သုတေသန သရုပ်ပြအဘိဓာန်” ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော်
အရှင်သြဘာသာဘိဝိဝံသ ထံသို့ ရဟန်းပရိသတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်
လို ရောက်သွားကြ၏ ။
ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။
“ရဟန်းပုဂ္ဂိုလ်အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်၊ ပိဋကတ်သုံးပုံ၊ နိကာယ်
ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင်
စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။”
မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင်ဝေးဝေး ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီ
တယ်ဆိုရင် ခြေလျှင်ကြွတာပဲ များပါတယ်၊ ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး
ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ကြွပါတယ်။ တိရစ္ဆာန်ပေါ်ကို တက်စီးဖို့မပြောနဲ့ ၊ တိရစ္ဆာန် ကထားတဲ့
ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ် ထားပါတယ်။ မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိ
ပါတယ်။ စော်ကားရာ ရောက်ပါတယ်။
ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကို ကြည့်ပြီး “ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ
သနားဂရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား” ဆိုတဲ့ မေးခွန်းမျိုးနဲ့
ထောက်ပြလာနိုင်ပါတယ်။
ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊
သမင်ခံတဲ့ ရုပ်ပွားမျိုးတွေ အတောမသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံ
တဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုပါတယ်"
ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့် ဂေါပကလူကြီးများသည် ဥဒေါင်းကိုဖယ်
ထားပြီး ရုပ်ပွားတော်ချည်းသက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။
{ မေတ္တာရှင် ( ရွှေပြည်သာ) ၏ ထေရ၀ါဒ မှတ်ကျောက် နှင့်မင်းနန်(မော်ကျွန်း)
၏ ဆရာတော်ကြီးများ၏ သြ၀ါဒများပေါင်းချုပ်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

Subscribe to:
Posts (Atom)