Tuesday, September 23, 2014

မျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများမှလှူဒါန်းခဲ့ပြီးသောကျောင်းများ-

မျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများမှလှူဒါန်းခဲ့ပြီးသောကျောင်းများ-

၁။ကွမ်းခြံကုန်းမြို့နယ်..ရွှေကျင်(ဂျား)ကျောင်း ၊ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
   အလှူငွေင်္ကျပ် ၂၅၀၀၀၀ိ/-နှင့်အ၀တ်အထည်များ,ဆေးဝါးများ,စာရေးကိရိယာများ
   (၇.၇.၂၀၁၃)
၂။ ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာ အမှတ်(၁၇) ၁၀မိုင်ကုန်းရှိ၊ 
    ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ပန်းပျိုးလက်ကျောင်း)သို့
     အလှူငွေကျပ် ၇၃၀၀၀၀ိ/-ကျပ်နှင့်ဆေးဝါများ,အ၀တ်အထည်များ,စာရေးကိရိယာများ(၂၂.၉.၁၃)
၃။ မကွေးတိုင်းဒေသကြီး နတ်မောက် မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ တိုက်သစ်ရွှေကျောင်း      နှင့်  ဓမ္မစကူး  ကျောင်းတော်သို့အလှူတော်ငွေကျပ် ၁၁၃၀၀၀၀ိ/-ကျပ်နှင့် နံနက်စာအဟာရများ စာရေးကိရိယာနှင့်  ဆေးများ ဆွမ်းဆန်တော်အိတ်နှငိ့ သင်္ကန်းများ ဂျာနယ်နှင့်မဂ္ဂဇင်း များ

ပထမဆုံးအကြိမ်လှူဒါန်းမှူ-ကွမ်းခြံကုန်းမြို့နယ်..ရွှေကျင်(ဂျား)ကျောင်း ၊ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်ပြီး အ၀တ်အထည်များဆေးဝါးများ စာရေးကိရိယာပစ္စည်းများနှင့်အလှူငွေများလှူဒါန်းခြင်း

ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ 
 ပထမဆုံးအကြိမ်လှူဒါန်းမှူအဖြစ်(၇.၇.၂၀၁၃)ရက်နေ့တွင်
ကွမ်းခြံကုန်းမြို့နယ်..ရွှေကျင်(ဂျား)ကျောင်း ၊ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်ပြီး အ၀တ်အထည်များဆေးဝါးများ စာရေးကိရိယာပစ္စည်းများနှင့်အလှူငွေများ
သွားရောက်လှူဒါန်းခဲ့ကြပါသည်။ 


မျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ ဒုတ်ယအကြိမ်မြောက်အလှူတော်

ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ ဒုတ်ယအကြိမ်မြောက်လှူဒါန်းခြင်းကို
(၂၂.၉.၂၀၁၃)ရက်နေ့ တနင်္ဂနွေနေ့တွင် ၊ ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာ 
အမှတ်(၁၇) ၁၀မိုင်ကုန်းရှိ၊ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ပန်းပျိုးလက်ကျောင်း)
"ကျောင်းအုပ်ဆရာတော် အရှင်ပညောဘာသ"နှင့်ကျောင်းသား/သူ စုစုပေါင်း(၄၅၀)တို့အား
နံနက်စာထမင်း/ဟင်းအဟာရကျွေးမွေးခြင်း။ကျောင်းစိမ်းအ၀တ်အထည်များလှူဒါန်းခြင်း ကျောင်းနေသံဃာတို့အားနေ့ဆွမ်းဆပ်ကပ်ခြင်းနှင့်
အလှူငွေကျပ် ၇၃၀၀၀၀ိ/-ကျပ်အားလှူဒါန်းခဲ့ပါသည်။


ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ တတိယ အကြိမ်မြောက်လှူဒါန်းခြင်းကို နတ်မောက် မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ တိုက်သစ်ရွှေကျောင်း နှင့်ဓမ္မစကူး ကျောင်းတော်သို့ စုစုပေါင်းအလှူတော်ငွေကျပ် ၁၁၃၀၀၀၀ိ/-ကျပ်နှင့် နံနက်စာအဟာရများ စာရေးကိရိယာနှင့် ဆေးများ ဆွမ်းဆန်တော်အိတ်နှငိ့ သင်္ကန်းများ ဂျာနယ်နှင့်မဂ္ဂဇင်း များအားလှူဒါန်းခြင်း

ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ 
တတိယ အကြိမ်မြောက်လှူဒါန်းခြင်းကို
နတ်မောက် မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ တိုက်သစ်ရွှေကျောင်း နှင့်ဓမ္မစကူး ကျောင်းတော်ရှိ ကျောင်းသား/သူ ၅၀၀ ကျော်တို့အတွက် စုစုပေါင်းအလှူတော်ငွေကျပ် ၁၁၃၀၀၀၀ိ/-ကျပ်နှင့် နံနက်စာအဟာရများ စာရေးကိရိယာနှင့် ဆေးများ ဆွမ်းဆန်တော်အိတ်နှငိ့ သင်္ကန်းများ ဂျာနယ်နှင့်မဂ္ဂဇင်း များအား သွားရောက်လှူဒါန်း ကုသိုလ်ပြုလုပ်ခဲ့ပါသောကြောင်းအလှူရှင်အသီးသီးတို့မှ သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေရန် တင်ပြအပ်ပါသည်



ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ တတိယ အကြိမ်မြောက်လှူဒါန်းခြင်း-(၊မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ဘုန်းတော်ပြည့်ကျေးရွာရှိ တိုက်သစ်ရွှေကျောင်း(ဓမ္မစကူးကျောင်း)

ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ 
တတိယ အကြိမ်မြောက်လှူဒါန်းခြင်းကို ၊မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ဘုန်းတော်ပြည့်ကျေးရွာရှိ
တိုက်သစ်ရွှေကျောင်း(ဓမ္မစကူးကျောင်း)ရှိ ကျောင်းသား/သူ ၅၀၀ ကျာ်အား နံနက်စာအဟာရများကျွေးမွေးခြင်း၊လိုအပ်သောစာရေးကိရိယာများလှူဒါန်းခြင်းနှင့်ငွေပဒေသာပင်စိုက်ထူခြင်း


သာသနာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိကျောင်းသား/သူများအား နံနက်စာထမင်းနှင့် မုန့်များကျွေးမွေးခြင်းနှင့်ကျောင်းနေသံဃာတော်များအားနေ့ဆွမ်းနှဆပ်ကပ်လှူဒါန်းခြင်း

ကျွန်တော်များမျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများအဖွဲ့၏
စတုတ္တအကြိမ်မြောက်အလှူအဖြစ်
သန်လျင်မြို့နယ်ဖားကူးအနောက်ကျေးရွာရှိ သာသနာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိကျောင်းသား/သူများအား  နံနက်စာထမင်းနှင့် မုန့်များကျွေးမွေးခြင်းနှင့်ကျောင်းနေသံဃာတော်များအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း


သန်လျင်မြို့နယ်ဖားကူးအနောက်ကျေးရွာရှိ သာသနာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့စာရေးကိရိယာများလှူဒါန်းခြင်း နံနက်စာထမင်းနှင့် မုန့်များကျွေးမွေးခြင်းနှင့်ကျောင်းနေသံဃာတော်များအားနေ့ဆွမ်းနှင့်သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းနှင့်အလှူငွေကျပ် ၁၁၆၂၅၀၀ိ/-ကျပ်အားလှူဒါန်းခြင်း

ကျွန်တော်များမျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများအဖွဲ့၏
စတုတ္တအကြိမ်မြောက်အလှူအဖြစ်
သန်လျင်မြို့နယ်ဖားကူးအနောက်ကျေးရွာရှိ သာသနာမဏ္ဍိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိကျောင်းသား/သူများအား စာရေးကိရိယာများလှူဒါန်းခြင်း နံနက်စာထမင်းနှင့် မုန့်များကျွေးမွေးခြင်းနှင့်ကျောင်းနေသံဃာတော်များအားနေ့ဆွမ်းနှင့်သင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းငွေကျပ်
၁၁၆၂၅၀၀ိ/-ကျပ်တိတိအားလှူဒါန်းခဲ့ပါကြောင်းနှင့် လှူဒါန်းမှူအစုစုတို့အားအမျှ ပေးဝေပါသည်...သာဓုအနုမော်ခေါ်ဆိုနိုင်ကြစေရန်လေးစားစွာတင်ပြအပ်ပါသည်။

မျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏ စတုတ္တ အကြိမ်မြောက်လှူဒါန်းခြင်း

ကျွန်တော်များမျှဝေခံစား-ကူညီသူများ ၊ ပရဟိတလူငယ်လေးများအဖွဲ့၏
စတုတ္တ အကြိမ်မြောက်လှူဒါန်းခြင်းကို ၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ဖားကူးအနောက်ကျေးရွာ သာသနာ့မဏ္ဍိုင်၊ အမှတ်(၆) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့
သွားရောက်လှူဒါန်းမှု(၂.၃.၂၀၁၄) 



မြန်‌မာနှစ်‌ဆန်းတစ်‌ရက်‌‌နေ့(၁၇.၄.၂၀၁၄)ရက်နေ့မနက်‌ ကိုးထပ်‌ကြီးဘုရားကြီးတွင်‌ မျှ‌ဝေခံစားကူညီသူများပရဟိတလူငယ်‌‌လေးများမှ ‌ရွေရင်‌‌အေးစတုဒီသာတိုက်‌‌ကျွေး‌နေစဉ်‌

မြန်‌မာနှစ်‌ဆန်းတစ်‌ရက်‌‌နေ့(၁၇.၄.၂၀၁၄)ရက်နေ့မနက်‌
ကိုးထပ်‌ကြီးဘုရားကြီးတွင်‌
မျှ‌ဝေခံစားကူညီသူများပရဟိတလူငယ်‌‌လေးများမှ
‌ရွေရင်‌‌အေးစတုဒီသာတိုက်‌‌ကျွေး‌နေစဉ်‌




မျှဝေခံစားကူညီသူများပရဟိတလငယ်လေးများအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အလှူ


မျှဝေခံစားကူညီသူများပရဟိတလငယ်လေးများအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အလှူအဖြစ်
(၁၁.၅.၁၄)ရက်အမေများနေ့တွင်ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်
ကျောက်ခဲအင်းကျေးရွာရှိနန်းရွှေပြည်ပရဟိတကျောင်းကြီးရှိ
မိဘမဲ့ကလေးများ ဆင်းရဲနွမ်းပါးချို့တဲ့သောကလေးသူငယ်များအားအစာအဟာရများ
ကျွေးမွေခြင်းဆေးဝါများစာရေးကိရိယာများစားသောက်ကုန်များဆန်အိတ်များ
ကျောင်းရှိသံဃာတော်များအတွက်သင်္ကန်းနှင့်ယပ်စသောလှူဖွယ်ပစ္စည်းများနှင့်
ကျော်တော်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရန်
အတွက်ငွေပဒေသာပင်အဖြစ်အလှူငွေကျပ်(၁၅၀၀၀၀၀-တစ်ဆယ့်ငါးသိန်း)အား
ကောင်မှုအလှူတော်ခုနှစ်ရက်သာ/သမီးများ
ပေါင်းစုကာလှူဒါန်းပေးခဲ့ပါသည်။
  

Friday, September 19, 2014

လိုတရပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့


(၆.၇.၁၄)ရက်နေ့တွင်တော်များ

မျှဝေခံစားကူညီသူများပရဟိတလူငယ်လေးများအဖွဲ့၏တစ်နှစ်ပြည့်အလှူအဖြစ်ရွှေပြည်သာမြို့နယ်ရှိ
လိုတရပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်လှူဒါန်းမှုမှတ်တမ်းများ










သတ္တမအကြိမ်မြောက်အလှူ



မျှဝေခံစားကူညီသူများပရဟိတလငယ်လေးများအဖွဲ့၏သတ္တမအကြိမ်မြောက်အလှူအဖြစ်
ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့နယအေးရွာလေးရှိအောင်ပန်းမြိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ
သံဃာတော်များအား ဆွမ်းဆပ်ကပ်ခြင်း ကလေးသူငယ်များအား စာရေးကိရိယာများ မုန့်များ စားသောက်ကုန်
ပစ္စည်းများအား အဖွဲ့သားများမှဆပ်ကပ် လှူဒါန်းနေစဉ် 

နိဗ္ဗာန်သို့ရောက်အောင် ပို့ပေးသော လောကီသစ္စာ ၄-ပါး။

နိဗ္ဗာန်သို့ရောက်အောင် ပို့ပေးသော လောကီသစ္စာ ၄-ပါး။

     ဓမ္မမိတ်ဆွေအပေါင်းတို့ ထိုင်နေသောအခါ ညောင်းညာမှုဖြစ်၏။ ဣရိယာပုတ်များကို
မကြာခဏ ရွေ့ပြောင်းပြီး ဒုက္ခဝေဒနာကို သက်သာအောင် လုပ်ရ၏။ ထို့ကြောင့် ဒီခန္ဓာကိုယ်
ကြီးသည် (၁) “ဒုက္ခသစ္စာ ဖြစ်၏။ ယင်းသို့ ဒုက္ခဖြစ်အောင် ဘယ်သူကနေပြီး ဒုက္ခပေးနေသလဲ၊
လောဘဆိုသော “တဏှာက” ဒုက္ခပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒုက္ခ၏ အကြောင်းရင်းခံ
ဖြစ်သော လောဘတဏှာသည် (၂) “သမုဒယသစ္စာ” ဖြစ်၏။

သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက်

သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက် ************************************************

****
၁။ ဟတ္ထ စ္ဆိန္န - လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ ပြတ်နေသူ၊
၂။ ပါဒ စ္ဆိန္န - ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ ပြတ်နေသူ၊
၃။ ဟတ္ထပါဒ စ္ဆိန္န - လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊
၎။ ကဏ္ဏ စ္ဆိန္န - နားရွက်ပြတ်နေသူ၊
၅။ နာသ စ္ဆိန္န - နှာခေါင်း ပြတ်နေသူ၊
၆။ ကဏ္ဏနာသ စ္ဆိန္န - နားရွက်နှာခေါင်း ပြတ်နေသူ၊
၇။ အဂုင်္လ စ္ဆိန္န - လက်ချောင်း၊ ခြေချောင်းများ ပြတ်နေသူ၊
၈။ အဠ စ္ဆိန္န - ခြေမ လက်မများပြတ်နေသူ၊
၉။ ကဏ္ဍရ စ္ဆိန္န - အကြောမများ ပြတ်တောက်နေသောကြောင့် ခြေဖျားထောက်ကာသွားသူ၊ ဖနောင့်ဖြင့်သွားသူ၊ လုံးဝမသွားနိုင်သူ၊
၁၀။ ဖဏ ဟတ္ထက - ခြေချောင်းလက်ချောင်းလေးများ ပူးကပ်နေသူ၊
၁၁။ ခုဇ္ဇ - ခါးကုန်းနေသူ( ဤနေရာတွင် အဋ္ဌကထာဖွင့်၌ကား အလွန်ရုပ်ဆိုးအောင်ကုန်းသူကိုသာ ယူရမည်၊ လုံးဝ ခါးမကုန်းသူ ဟူသည်ကား မြတ်ဘုရားမှ လွဲ၍ ကျန်သူအားလုံးအနည်းငယ် ကုန်းကြသည်သာ )
၁၂။ ၀ါမန - ပုပုကွကွ ဖြစ်နေသူ၊
၁၃။ ဂလဂဏ္ဍီ - လည်ပင်းကြီးနာ ရောဂါရှိသူ၊
၁၄။ လက္ခဏာ ဟတ - ရာဇ၀တ်မှု ကျူးလွန်ဖူးသောကြောင့် နဖူး၊ လက်မောင်း၊ ခြေထောက် စသော တနေရာရာတွင် သံပြားကို မီးကင်ကာ သေရာပါ အမှတ်တံဆိပ်ခပ်နှိပ်ခံရသူ၊
၁၅။ ကသာဟတ - ရာဇ၀တ်မှုကြောင့် ကြိမ်ဒဏ်ပေးခံရဖူးသူ၊
၁၆။ လိခိတက - အပြစ်ရှိသောကြောင့် တွေ့ရာအရပ်၌ သတ်စေ ဟု ဖမ်းဝရမ်းထုတ်ခံထားရသူ၊
၁၇။ သီပဒိ - ခြေထောက်ဆိုင်းနေသူ၊ ထော့နဲ့ ထော့နဲ့ ဖြစ်နေသူ၊ ဒရွတ်ဆွဲနေသူ၊
၁၈။ ပါပရောဂီ - အနာဆိုးရောဂါများပေါက်ရောက်နေသူဟူသည်ကား အမြဲတမ်း ဝေဒနာခံစားနေရသည်ဖြစ်၍ ဆေးကုမရ၊ စက်ဆုပ်ဖွယ်၊ အော့နှလုံးနာဖွယ် ၊စသော ရောဂါများခံစားနေရသူ ကို ဆိုလိုသည်။
၁၉။ ပရိသဒူသက - ရုပ်အဆင်း အသွင်သဏ္ဍာန် ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးတတ်သူ၊
၂၀။ ကာဏ - မျက်စိ တစ်ဖက်ကန်းနေသူ၊
၂၁။ ကုဏီ - လက်၊ ခြေများကောက် ကွေးနေသူ၊
၂၂။ ခဉ္ဇ - ခြေထောက် ခွင်နေသူ၊
၂၃။ ပက္ခဟတ - ခန္ဓာကိုယ် တစ်ခြမ်းသေနေသူ၊ လက်တဖက် ခြေတစ်ဖက် လှုပ်ရှားမရသူများ၊
၂၄။ ဆိန္နိရိယာပထ - ဟိုနားဒီနား မသွားနိုင်သဖြင့် ဣရိယာပုတ်ပျက်စီးနေသူ၊ ဦးနှောက်ကျပ်မပြည့်သူ၊
၂၅။ ဇရာဒုဗ္ဗလ - အသက်ကြီးသဖြင့် ဇရာကြောင့် အားအင်ချိနဲ့နေသူ၊
၂၆။ အန္ဓ - မျက်စိ နှစ်ဖက်လုံး ကန်းနေသူ၊
၂၇။ မူဂ - စကား ဆွံ့အ၊ ထစ်အ နေသူ၊
၂၈။ ဗဓိရ - နားထိုင်းသူ၊ ပင်းနေသူ၊
၂၉။ အန္ဓ မူဂ - မျက်စိလည်းကန်း၊ စကားထစ်အ ဆွံ့အနေသူ၊
၃၀။ အန္ဓဗဓိရ - မျက်စိလည်းကန်း၊ နားလည်းထိုင်းသူ ပင်းသူ၊
၃၁။ မူဂ ဗဓိရ - စကား လည်းဆွံ့အ၊ နားလည်းထိုင်းနေသူ၊
၃၂။ အန္ဓ မူဂ ဗဓိရ - မျက်စိကန်း၊ စကားဆွံ့၊ နားထိုင်း ၃ မျိုးလုံးချို့တဲ့နေသူ၊
အထက်ပါ ခန္ဓကိုယ်အင်္ဂါများတွင် တစ်ခုခု ချို့ယွင်းနေသူများကို သာသနာ့ဘောင်သို့ ၀င်ခွင့်မပြုရ ဟု မြတ်ဘုရား ဟောတော်မူ ပညတ်တော်မူထားခဲ့သည်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာပါကလည်း ရှင်သာမဏေ ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိပါသည်။ သို့သော်လည်း အထက်ပါ ပုဂ္ဂိုလ်များကို သာမဏေ၀တ်ပေးသူ၊ ရဟန်းဝတ်ပေးသူ ဆရာ ဘုန်းကြီး ဥပေဇ္ဈာယ်များမှာ ဒုက္ကဋ်အာပတ် သင့်လေတော့၏။
ကျမ်းညွှန်း။ ။ န ပဗ္ဗာဇေတဗ္ဗ ဒွတ္တိံသ၀ါရ
မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိတော် နှင့် အဋ္ဌကထာ၊ ၀ိနယပိဋက
http://www.dhammayaungchi.com/မှတဆင့်ခံစားတင်ပြသည်။

ဆူးလေစေတီတော်မှ ဒေါင်းခံဘုရား။

ဆူးလေစေတီတော်မှ ဒေါင်းခံဘုရား။

        ဗုဒ္ဓဘာသာဝင်တို့သည်  မိမိတို့၏နေအိမ်တွင်  မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားဆင်း
တုတော်များကို ထားရှိကိုးကွယ်ကြပါသည်။ မြတ်စွာဘုရား၏ မဟာပူရိသလက္ခဏာတော် (၃၂) ပါး
တို့မှ  ရုပ်လုံးဖေါ်ရာတွင် အသုံးပြုသော လက္ခဏာတော် (၂၀) ကို အခြေခံပြီး  လက္ခဏာတော်ငယ်
(၈၀) တို့မှ ဖေါ်၍ ရသမျှ လိုက်နာပြီး ရုပ်လုံးပေါ်အောင် ထုလုပ်ရပါသည်။  ဖူးမြော်ရသူများ ကြည်
ညိုသဒ္ဓါစိတ်များ ဖြစ်ပေါ်လာစေနိုင်မည့် သပ္ပါယ်မှုရှိဖို့လည်း လိုပါသည်။
         ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဘက်စုံကြီးပွား
ချမ်းသာလိုသူများကား ဆင်ခံ၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသော
သဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်းဖြစ်သော်လည်း သင့်တော်၏၊   မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။
        မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကိုယ်တော်စား ရုပ်ပွားရုပ်တုတို့ကို စိတ်ကူးထင်ရာ ထုလုပ်
ခြင်းမှာ မဖြစ်သင့်ပါ။ မှားယွင်းသော လောကီအစီအရင်များကို ဖန်တီးခြင်းဖြင့် ကိုယ်ကျိုးရှာအမြတ်
ထုတ်သော အင်အားစုများရှိပါသည်။  ယင်းအင်အားစုများက မည်သည့်အစီအရင်ဖြင့်  ထုလုပ်သော်
စီးပွားတက်သည်၊   ရာထူးတိုးသည် ဟူ၍လည်းကောင်း၊  မည်သည့်နေ့သားသည်  မည်သည့်အသား
ဖြင့် ထုလုပ်သော ရုပ်ပွားတော်ကို ကိုးကွယ်ပါ ဟူ၍လည်းကောင်း၊ အိမ်တွင် ကျောက်ဆင်းတု  မကိုး
ကွယ်ကောင်း ဟူ၍လည်းကောင်း၊ လောကီအယူအစွဲနှင့် အစီအရင်တို့ကို ဖြန့်ဖြူးလျက်ရှိကြပါသည်။
ယင်းအစီအရင်နှင့် အယူအစွဲများသည် ထေရ၀ါဒပိဋကတ်တော်များနှင့် ဆန့်ကျင်ခြားနားနေပါသည်။
         တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူကို ကုလားလူမျိုးတစ်ဦးက
လာလှူ၏ ။ ရုပ်ပွားပုံကာ ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံ ဖြစ်၏ ။ ဆူးလေဘုရား
ဂေါပကအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တခါမှမတွေ့ဖူးသဖြင့် ဘုရားပေါ်တွင် အပူဇော်ခံ
ထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏ ။ ထို့ကြောင့်ဆူးလေစေတီတော် သြဝါဒါစရိယ ဆရာ
တော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏ ။
          ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယ
ဆရာတော်တစ်ပါးပင်ဖြစ်၏ ။ ကျန်ဆရာတော်များက “အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊
မြင်းခံဘုရားတို့တောင် ရှိနေပြီပဲ၊ အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်း မဟုတ်တော့ပါဘူး”
ဟု မိန့်တော်မူကြ၏ ။
         ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင် စာရေးဆရာတိုင်း လက်မ
လွှတ်တမ်း အသုံးပြုနေရသည့် “သုတေသန သရုပ်ပြအဘိဓာန်” ကျမ်းပြု  ဖျာပုံတိုက်သစ်ဆရာတော်
အရှင်သြဘာသာဘိဝိဝံသ ထံသို့ ရဟန်းပရိသတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်
လို ရောက်သွားကြ၏ ။
         ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။
“ရဟန်းပုဂ္ဂိုလ်အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်၊ ပိဋကတ်သုံးပုံ၊ နိကာယ်
ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင်
စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။”
မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင်ဝေးဝေး ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီ
တယ်ဆိုရင် ခြေလျှင်ကြွတာပဲ များပါတယ်၊ ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး
ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ကြွပါတယ်။ တိရစ္ဆာန်ပေါ်ကို တက်စီးဖို့မပြောနဲ့ ၊ တိရစ္ဆာန် ကထားတဲ့
ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ် ထားပါတယ်။ မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိ
ပါတယ်။  စော်ကားရာ ရောက်ပါတယ်။
           ဘာသာခြားများကလည်း  ဒီလိုပုံမျိုးတွေကို ကြည့်ပြီး   “ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ
သနားဂရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား” ဆိုတဲ့ မေးခွန်းမျိုးနဲ့
ထောက်ပြလာနိုင်ပါတယ်။
        ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊
သမင်ခံတဲ့ ရုပ်ပွားမျိုးတွေ အတောမသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံ
တဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုပါတယ်"
         ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့်  ဂေါပကလူကြီးများသည်  ဥဒေါင်းကိုဖယ်
ထားပြီး ရုပ်ပွားတော်ချည်းသက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။

 { မေတ္တာရှင် ( ရွှေပြည်သာ)   ၏  ထေရ၀ါဒ မှတ်ကျောက် နှင့်မင်းနန်(မော်ကျွန်း)
    ၏ ဆရာတော်ကြီးများ၏ သြ၀ါဒများပေါင်းချုပ်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး။

ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး။

၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။ အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။ အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။ အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။
၅။ အရှင်အနုရုဒ္ဓါ=ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။
၆။ အရှင်ဘဒ္ဒိယ=အမျိုးမြတ်ခြင်း။
၇။ အရှင်လကုဏ္ဍကဘဒ္ဒိယ=အသံသာခြင်း။
၈။ အရှင်ပိဏ္ဍောလဘာရဒွါဇ=ရဲတင်းသောစကားကို ဆိုခြင်း။
၉။ အရှင်ပုဏ္ဏ=ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။ အရှင်ကစ္စာန=အကျဉ်းကို အကျယ်ဟောခြင်း။
၁၁။ အရှင်စူဠပန္ထက=မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်း
       ကျင်ခြင်း။
၁၂။ အရှင်မဟာပန္ထက=အရူပဈာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရဈာန်အရာ၌ လိမ္မာ
      ကျွမ်းကျင်ခြင်း)
၁၃။ အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။
၁၄။ အရှင်ခဒိရဝနိယရေဝတ=တောရဆောက်တည်ခြင်း။
၁၅။ အရှင်ကင်္ခါရေဝတ=ဈာန်ဝင်စားခြင်း။
၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။
၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း။
၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်း။
၁၉။ အရှင်ဝက္ကလိ=သဒ္ဓါတရားလွန်ကဲခြင်း။
၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။
၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါ၍ ရဟန်းပြုခြင်း။
၂၂။ အရှင်ကုဏ္ဍဓာန(ကောဏ္ဍဓာန)=စာရေးတံမဲ ပဌမရယူခြင်း။
၂၃။ အရှင်ဝင်္ဂီသ=ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်း။
၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာ ဖြစ်ခြင်း။
၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။
၂၆။ အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခြင်း။
၂၇။ အရှင်ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။
၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။ အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။
၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း,
        လုံ့လကြီးခြင်း, လုပ်ကျွေးပြုစုခြင်း=ဤငါးချက်။
၃၁။ အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။
၃၂။ အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။
၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)
၃၄။ အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဏ်။
၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။
၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။
၃၇။ အရှင်နန္ဒ=ဣနြေ္ဒစောင့်ခြင်း။
၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။
၃၉။ အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။
၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။ အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။
      တို့ ဖြစ်ကြပါတယ်။ ။
   {မင်္ဂလာသတင်းစဉ်။မှတ်သားဖွယ် ဗဟုသုတဆိုင်ရာ အကြောင်းအရာများမှ
       ကူးယူရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

လာမယ့်ဘေး အဝေးကရှောင် - နိဗ္ဗာန်သို.တိုင်အောင်

လာမယ့်ဘေး အဝေးကရှောင် - နိဗ္ဗာန်သို.တိုင်အောင်

လာမယ့်ဘေး အဝေးကရှောင် - နိဗ္ဗာန်သို. တိုင်အောင်

(ဖြူးးဆရာတော်ဘုရားကြီး၏ တရားတော်မှ ကောက်နှုတ်ဖေါ်ပြ ပူဇော်လိုက်ခြင်းဖြစ်ပါ၏)

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ--

**************************************************************
ရှေးအခါကာလ သမယတုန်းက ဥပဒေ လက်တစ်လုံးခြားနဲ့ လိမ်လည်လှည့်ဖျားပြီးတော့ သောက်စားနေတဲ့ လူတစ်ယောက်၊ ဘယ်ပုဒ်မနဲ့မှ အတိအကျ ဖမ်းယူ အပြစ်ပေးလို့ မရနိုင်သဖြင့် ဘုရင်ထီးဘုရားက လူသား
တွေ ဆင်းရဲအောင် ဒုက္ခပေးတဲ့ လူတစ်ယောက်တော့ ဆုံးမ မဖြစ်မယ်ဆိုပြီး မြွေကြီးလေးကောင်ထိန်းဖို့ရာ
မြွေထိန်းအလုပ်ပေးထားပါသတဲ့ ။
အဲဒီမြွေကြီးလေးကောင်ကို အိပ်ချိန်တန်သိပ်ရမယ်၊ ထချိန်တန်နှိုးရမယ်၊ စားချိန်တန်ကျွေးရမယ်၊ အိုက်တဲ့ အချိန်မှာ ရေချိုးပေးရမယ်၊ ဘာရည်ရွယ်ချက်နဲ့လည်းဆိုတော့ မြွေကြီးလေးကောင်ဆိုတာ အဟိတ်တိရစ္ဆာန် အသိညဏ်မရှိဘူး၊ ဒါကြောင့် တစ်ယောက်တည်းနဲ့မြွေလေးကောင်တို့၏ အလိုဆန္ဒကိုမလိုက်လျောနိုင်ရင်
မြွေကြီးတွေ က စိတ်ပေါက်ပြီးတော့ ကိုက်သတ်ပစ်ရင် ဒီလူသေနိုင်တယ်တဲ့. အဆင်အခြင်ကင်းမဲ့တဲ့ မြွေ ထိန်းယောကျာ်းက ကတော့ ဘုရင်ထီးဘုရားကြီး က အလုပ်ပေးတယ်ဆိုပြီး ကျေနပ်နေပါတယ်။
အဲဒီအချိန်မှာ အကျိုးလိုလားတဲ့ ကိုယ်စောင့်နတ်က "အမောင်လူသား. . သင့်ကို ချစ်လို့ ဒီအလုပ်ပေးထား
တာ မဟုတ်ဘူး ဒီမြွေကြီးလေးကောင်မှ တစ်ကောင်ကောင်အလိုမကျရင် ကိုက်သတ်အောင် သေမင်းဆီ
သို့ သင့်ကို လွှတ်နေခြင်းဖြစ်ပါတယ်.. ဒါကြောင့် တွေးမနေနဲ့၊ ငေးမနေနဲ့၊ ဘေးလွတ်ရာသို့ သွားပါ " ---- လို့ပြောတော့ မြွေကြီးတွေ အိပ်ပျော်နေတဲ့ကာလမှာ မြွေထိန်းယောကျာ်းဟာ ထွက်ပြေးသွားခဲ့ပါတယ် ။
မြွေထိန်းယောကျာ်းထွက်ပြေးသွားတာကို ဘုရင်ထီးဘုရားက သိတော့ ဒီကောင့်ကို သတ်ဖို့ရာဆိုပြီး
ကျောင်းတော်က ရန်စ၊ ငြိုးသူရန်ဘက်ဖြစ်ခဲ့တဲ့ ငါးယောက်သော မတည့်သူများကို လွှတ်ပြီး မြွေထိန်း
ယောကျာ်းကို သတ်ဖို့ စေလွှတ်ပြန်ပါတယ်။ မြွေထိန်းယောကျာ်းကလည်း ငါ့နောက်မှာတော့ မြွေတွေ လိုက်မလာနိုင်ဘူး ဆိုပြီးတော့ ပြေးအားလျှော့လိုက်ပြန်ပါတယ် ။
အဲသလိုလျှော့လိုက်တယ် ဆိုရင်ပဲ အကျိုးလိုလားတဲ့ ကိုယ်စောင့်နတ်က "အိုလူသား. . သင့်နောက်ကို
မြွေကြီးလေးကောင်ကလည်း ဒေါသတကြီးနဲ့ လိုက်နေပြီ ၊ ဒါ့ အပြင်လူသတ်သမား ငါးယောက်ကိုလည်း သင့်ထံ စေလွှတ်နေပါပြီ -- ဒါကြောင့် ဝေးရာသို့ ပြေးပါလို့ အားပေးတဲ့ အခါ မြွေထိန်းယောကျာ်းဟာ ရှိ
သမျှ စွမ်းအားနဲ့ ပြေးပြန်ပါတယ်။
ဒီတစ်ခါ မင်းတရားကြီးက မြွေထိန်းယောကျာ်းနဲ့ ငယ်ပေါင်းယောက်ျားနဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ ပုဂ္ဂိုလ်
ကို မင်းမိန့်အာဏာနဲ့ မင်းရဲ့သူငယ်ချင်းကို ပရိယာယ်မာယာနဲ့ လှည့်ပတ်ပြီး အနားကပ် ခေါင်းဖြစ်သတ်စေ လို့ နောက်တစ်ယောက်လွှတ်လိုက်ပါတယ်။
ဒီတော့ ခုနကလိုပဲ မြွေထိန်းယောက်ျားဟာ ငါ့နောက်မှာ လိုက်လာတဲ့လူ အရိပ်အယောင် မမြင်သေးပါဘူး
ဆိုပြီး အသော့နှင်ရာက ခပ်ဖြေးဖြေးလေး နေလိုက်ပြန်ပါတယ် ။ ဒီအခါမှာ ကိုယ်စောင့်နတ်က အသင်လူ
သား အတွက် အတွင်းလူယုံတော် ကိုလည်း လွှတ်ထားပါတယ်-- တွေးမနေနဲ့ လွတ်ရာကိုပြေးပါလို့ ပြော
ပြန်တယ်. ။
ဒီလိုနဲ့ ပြေးသွားရင်း လူတစ်ယောက်မှမရှိတဲ့ ခြောက်အိမ်တန်း ရွာတစ်ရွာကို ရောက်သွားပါတယ် ။ တစ်
အိမ်တက် တစ်အိမ်ဆင်းလိုက်ရှာပေမယ့် စားစရာ၊ သောက်စရာ၊ သုံးစရာနတ္တိ ဘာမျှမရှိတာပဲတွေ့ရပါ
တယ် ။ အဲဒီအချိန်မှာပဲ တွေ့သမျှလူ ဓားမဆိုင်းပဲ ခုတ်ပိုင်းသတ်ဖြတ် ပစ္စည်းလုယူသတ်တဲ့ ဓားပြကြီး
ခြောက်ယောက်က ညာသံပေးကလိုက်လာပြန်တယ်.။ အကျိုးလိုလားတဲ့ ကိုယ်စောင့်နတ်က "အသင် လူသား တွေးမနေနဲ့ ဘေးလွတ်ရာကိုပြေးပါ"- လို့ ပြောပြန်တယ်။
ရန်သူနောက်ကလိုက်နေတာ မြွေကြီးလေးကောင်ရယ်၊ လူသတ်သမား ငါးယောက်ရယ်၊ အတွင်းလူယုံ
တော် တစ်ယောက်၊ ရွာပျက်ဓားပြက ခြောက်ယောက် စုစုပေါင်း (၁၆) ယောက်ရှိပါတယ် ။ ဒါတွေကို လွတ်အောင် ပြေးတော့ ရှေ့မှာရေစီးကသန် လှိုင်းကထန်တဲ့ မြစ်ယံကြီးတစ်ခုက ကာဆီးနေပါသတဲ့ ။
အဲဒီအခါမှာ ကိုယ်စောင့်နတ်က အမောင်လူသား ဘာတွေစဉ်းစားနေတာလဲ -တန်ဖိုးရှိတဲ့ အချိန်တွေကို
မဖြုန်းပါနဲ့ ထင်းတွေ ၊ သစ်ဝါးတွေကို ဖောင်ဖွဲ့ပြီးတော့လွတ်ရာကိုပြေးပါ " - လို့. သတိပေးပြောပြန်တယ်။
အဲလိုအကြံညဏ်ပေးတော့ လူသားဟာ ဖောင်ဖွဲ့ပြီး ရင်ကလေးမှေးတင်ကာ လက်ခြေနှစ်ဖက်တို့ဖြင့်ကူး
ယက် သွားပါတယ်. . . နောက်ကိုလှည့်ကြည့်တော့လည်း အခဲမကြေတဲ့ ရန်သူတော် ၁၆- ယောက်ကို မြင်
ရပါတယ် ။ ဘုရင်ကလည်း ရေခြားမြေခြားဖြစ်နေတော့ သူ့ရဲ့ အာဏာစွမ်းဟာလည်း နိဂုံးချုပ် တံတိုင်းကာ 
လိုက်ရပါတော့တယ် ။
ဒါပေမယ့် မြစ်ပြင် မဆုံးသေးသ၍ ရေထဲမှာရှိနေတဲ့ ငါး၊လိပ်၊ မကန်း မြွေကင်းတွေကလည်း နှောင့်ယှက်နိုင်
သေးတယ် ။ လေပြင်းမိုးသက်ကျပြီးတော့လည်းသေနိုင်တယ်- ဒါကြောင့် သူ့မှာရှိသမျှ အားနဲ့ မပြီးဆုံးသေး တဲ့ရေပြင်ကို ဆက်လက်ကူး လို့ခရီးတစ်ဝက်ရောက်တော့ ရန်သူတော် ၁၆ယောက်ကတော့ လက်မြှောက် အရှုံးပေးပြီး ပြန်သွားကြပါပြီ ။
သူ့အတွက်ကတော့ ခရီးမဆုံးသေးပါဘူး-ရှိသမျှ အင်အားနဲ့ ကူးလိုက်တဲ့အခါမှာ တစ်ဖက်ကမ်းကို အောင်မြင် စွာ ရောက်ရှိသွားပါတယ် ။ ကမ်းစပ်မြေပြင် ခြေတင်ပြီးသဖြင့် ဘေးအန္တရယ် အသွယ်သွယ် အ၀၀ကနေ လွတ် 
မြောက်သွားရပြီဖြစ်ပါတယ်။

ဒီပုံပြင်လေးမှာ ပါဝင်တဲ့ ---------------

မင်းတရားက ကိုယ်ပြုထားတဲ့ ကံတရား -
လူဆိုး က ပုထုဇဉ် -
မြွေလေးကောင်က ဓာတ်ကြီးလေးဖြာတရား-
ကိုယ်စောင့်နတ်က မြတ်စွာဘုရား-
ငါးဦးလူသတ်သမားက ခန္ဓာ ငါးပါး -
အတွင်းလူသတ်သမားက တဏှာ -
ရွာပျက်က အတွင်း အာဃာတန ခြောက်ပါး -
ဓားပြက အပြင် အာဃတန ခြောက်ပါး -
ရေပြင်က သြဃလေးဖြာတရား -
ဒီကမ်း က ရုပ်နဲ့နာမ် -
လှေဖောင်က မဂ္ဂင်ရှစ်ပါး -
ကူးခြင်း က ၀ီရိယ -
ဟိုကမ်း က နိဗ္ဗာန် -
ကမ်းတက်သူ က ရဟန္တာ-တို.ဖြစ်ပါ၏ ။

ဖြူးဆရာတော်

သံဝေဂ အလင်္ကာ

သံဝေဂ အလင်္ကာ 

နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊

အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။
ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊
သေခြင်းနောက်ဆုံး ရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်းနောက်ဆုံး ရှိချေ၏။
တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊
လျှောကျနောက်ဆုံး ရှိချေ၏။
ခုံမင်ခယ၊ ချစ်သမျှကား၊
သောကနောက်ဆုံး ရှိချေ၏။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊
ရှုတ်ချနောက်ဆုံး ရှိချေ၏။
ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊
ဒုက္ခနောက်ဆုံး ရှိချေ၏။
(လယ်တီဆရာတော်ဘုရားကြီး)

ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်ကဤပုံဖြစ်လိုတုန်လည်း တစ်ဖုံဆင်ကွဲသူတနဲဖြင့် ဖောက်လွဲတက်စွာ 
ဓမ္မတာကိုပညာစက္ခုမျှော်ထောက်ရု့၍ ယခုကပင်လျှင် မအိုခင်က ယခုကပင်လျှင် မနာခင်က 
ယခုကပင်လျှင် မသေခင်ကကြိုတင်ကောင်းမှု ကြိုးစားပါကုန်လော့။
(ဓမ္မအလင်းမှ ကူးယူရေးသားပူဇော်ပါသည်။)

Wednesday, September 17, 2014

မျှဝေခံစားကူညီသူများပရဟိတညီအစ်ကိုမောင်နှမများ


(၇.၉.၁၄)ရက်နေ့တွင်ဧရာဝတီတိုင်းညောင်တုန်းမြို့နယ် အေးရွာလေးကျေးရွာ
အောင်ပန်းမြိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်လှူဒါန်းခဲ့ကြသော
မျှဝေခံစားကူညီသူများပရဟိတညီအစ်ကိုမောင်နှမများ